ဘုန်းတော်ကြီးကျောင်းအား PDF အကြမ်းဖက်သမားများ ဖောက်ခွဲမှုကြောင့် ပြည်သူများ ဗုံးစထိမှန်

ဒီဇင်ဘာ ၂၃ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ
ဘုရားကြီး ဘုန်းတော်ကြီးကျောင်းသို့ PDF အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb (၂)လုံး
အား ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်
သန့်ရှင်းရေး ဆောင်ရွက်နေသည့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ
အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ချောင်းဦးမြို့၊
ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရတယ်လို့ သတင်းရရှိပါတယ်။