မင်္ဂလာနံနက်ခင်းလေးပါရှင်

အပါယ်ဘုံ ရောက်တယ် ဆိုတာ
ဘာကြောင့် ရောက်တာတုန်း ဆိုတော့
စိတ်မနိုင်လို ရောက်တာတွေချည်းပဲ …

စိတ်ထဲမှာ မစင်ကြယ်တဲ့

လောဘတွေ ,ဒေါသတွေ မောဟတွေ မာန်မာနတွေ ဣဿာမစ္ဆရိယတွေ …

အဲဒါတွေကြောင့်
အပါယ် ရောက်တာ …

စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးတွေကို
သန့်ရှင်းအောင် မလုပ်နိုင်လို
အပါယ်ရောက်တာ …

အဲဒါကြောင့် …

ကိုယ့် စိတ်ဆင်ရိုင်းကိုပညာတည်းဟူသော
ချွန်းအုပ်ဖြင့် အုပ်တယ်လို
မြန်မာစာပေတွေမှာ ရေးလေ့ရှိတယ် …

အသိပညာ နဲ့ ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ် …

ကောင်းအောင် ပြင်ရမယ် …

အခုလို
သာသနာနဲ့ တွေ့တဲ့ အချိန်ကလေးမှာ
ကောင်းအောင် မပြင်လိုက်နိုင်ဘူး ဆိုရင် …

နောင် ဒီလို
အသိဥာဏ်မျိုး ရဖို ဆိုတာ
အများကြီး ခဲယဉ်းသွားပြီ …

ရလာလိမ့်မယ်လိုတော့ မထင်လေနဲ့ …

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏