ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့လို

ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့၊ တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းကျအောင်လုပ်ပေးဖို့ဆိုတဲ့ အချက် ၃ ချက်က ပြည်သူလူထုအတွက် အဓိကဖြစ်ကြောင်း တွေ့ရတယ်လို့ နိူင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားပါတယ်။

“ရွေးကောက်ပွဲသည် တိုင်းပြည်တစ်ခု၏ သိက္ခာပင်ဖြစ်သဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဟုဆိုပါတယ်။

အရေးပေါ်အခြေအနေ သက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့တဲ့နေရာမှာ တွေ့ရှိရတဲ့ ပြည်သူလူထုရဲ့ ဝေဖန်မှုများ၊ တုန့်ပြန်ချက်များနဲ့ လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ပြီး အဆိုပါလေ့လာဆန်းစစ်မှုတွေအရ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့၊ တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းကျအောင် လုပ်ပေးဖို့ဆိုတဲ့ အချက် ၃ ချက်က ပြည်သူလူထုအတွက် အဓိကဖြစ်နေတာကို တွေ့ရတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။