မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူများ သတိပြုနေထိုင်ကြဖို့သတိပေး

မြစ်ရေကြီးနေလို့ ပဲခူးမြို့ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူများ သတိပြု နေထိုင်ကြဖို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိတွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၃ ပေခွဲကျော် ရောက်ရှိ နေတာလို့ဆိုပါတယ်။

အဲဒီ ပဲခူးမြစ်ရေသည် ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင်လည်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်မှာပဲ ဆက်ရှိနေအုံးမှာလို့ပြောကြားထားပါတယ်။