တေလာဆွစ်ရဲ့ ဖျော်ဖြေစဉ်အတွင်း ငလျင်အသေးစား တစ်ခုဖြစ်ပေါ်ခဲ့


အမေရိကန်အဆိုတော်မလေး တေလာဆွစ်ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝါရှင်တန်၊ ဆီတဲလ်မှာ ဖျော်ဖြေပွဲ ပွဲအတွင်း ပရိသတ်တွေ အားပေးကြမ်းမှုကြောင့် အသေးစား မြေငလျင်တစ်ခု လှုပ်ခတ်သွား စေခဲ့တယ်လို့ သိရပါတယ်။

တေလာရဲ့ အအောင်မြင်ဆုံး သီချင်း Shake it Off သီဆိုဖျော်ဖြေစဉ်မှာ သူမရဲ့ ပရိသတ် တွေများစွာက သူတို့တွေရဲ့ မြူးကြွခုန်ပေါက် ကခုန်ခြင်းတွေကို မထိန်းချုပ်နိုင် ခဲ့တဲ့ နောက် အင်အား ၂.၃ မဂ္ဂနီကျု့ အဆင့်ရှိတဲ့ မြေငလျင်အသေးစား လှုပ်ခတ်တုန်ခါမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေရေးပွဲခင်းတစ်ခုလုံးအပြည့်အလျှံနဲ့ လူပေါင်း ၁ သိန်းခွဲနီးပါး လာရောက်ခဲ့ကြတဲ့ တေလာရဲ့ ဖျော်ဖြေပွဲကို ဇူလိုင် ၂၂ နဲ့ ၂၃ ရက်တွေမှာ ဆီတဲလ်၊ လူမန်းကွင်းပြင်မှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အဆိုတော်မလေးရဲ့ Shake it Off သီချင်း သီဆိုဖျော်ဖြေချိန်မှာတော့ မြေကြီးတုန်ခါမှု အနည်းငယ်ဖြစ် ခဲ့ တယ်လို့ အနောက်ဝါရှင်တန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဂျက်ကီ ကက်ပ်လန်း အူဘက်ချ်က ပြောကြားခဲ့ပါတယ်။

“ ဖျော်ဖြေပွဲ နှစ်ညစလုံးရဲ့ အချက်အလက်တွေကို ကျွန်မတို့ ဖမ်းယူနိုင်ခဲ့ပါတယ်။ သူတို့ က တူညီတဲ့ အချက်ပြမှု ပုံစံလက္ခဏာတွေ ပြသခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိ လိုက်ရတယ်။ တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲမှာ ကျွန်မ ၁၀ နာရီကြာမြင့်တဲ့ အချက်အ လက် တွေ စုဆောင်းခဲ့ပါတယ်။ သီချင်း၊ စပီကာ၊ ဘိ ( beat) အသံတွေ၊ လူတွေအားလုံးရဲ့ အားပြင်းတဲ့စွမ်းအင်တွေ အကုန်လုံးပေါက်ပြီး မြေကြီးကို တုန် လှုပ်သွားစေတာပါ” လို့ ပြောပြခဲ့ပါတယ်။