တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပိုဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်သော Sinopharm နှင့် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုသို Sinopharm ဆေး ၆၄၄၁ လုံး၊ Myancopharm ဆေး ၆၁၉၀ လုံးနှင့် ဆေးထိုးအပ် ၆၃၁၅၅ ချောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြိုသို Sinopharm ဆေး ၁၄၀၉ လုံး၊ Myancopharm ဆေး ၅၉၆ လုံးနှင့် ဆေးထိုးအပ် ၁၃၀၂၅ ချောင်းတိုကို ဒီဇင်ဘာ ၁၇ရက်က တပ်မတော်လေယာဉ်များဖြင့် ပိုဆောင်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။