မနာလိုစိတ်ကို နေရာမပေးပါနဲ့…

မနာလိုစိတ်တွေ သိပ်မများပါနဲ့ လောကကြီးမှာ နေရတာ ဘောင်ကျဉ်း သွားတတ်ပါတယ် ။

ဟိုသူကိုလည်း မလို..ဒီလူကိုလည်း မြင်လို့မလှ၊ ဒီလူကိုလည်း ကြည့်မရတွေနဲ့
အချိန်ကုန်နေတာဟာ ပင်ပန်းစရာပါ ။

အတိတ်ကံတွေ မတူသည့်အတွက် လက်ရှိအနေထားတွေ မတူတာဟာ ဘာမှ ထူးဆန်းတာ မဟုတ်ပါဘူး ။

ကံမကောင်းရင် ကိုယ့် ကံ ကိုယ်ပဲ အရင်ဆုံး ပြင်ကြဖို လိုပါတယ် လူဆိုတာမွေးကတည်းက ကိုယ့်ကံနဲ့ကိုယ်လာတာပါ ။

လက်ခြေလည်း ပြည့်စုံတယ် စိတ်နှလုံးကောင်းလည်း ရှိတယ်ဆိုရင် ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သင့်တာက ဖြစ်လာပါလိမ့်မယ်။

စွမ်းအားတန်ခိုး ဖြစ်ထွန်းအောင် ဘုရားတရားကိုလုပ်ပါ စိတ်ကောင်းမွေးပါ အကျင့်ကောင်းကျင့်ပါ။ ဒါတွေကို လုပ်ရင် ကောင်းမွန်တဲ့ဘဝကို ဒီဘ၀မှာ ကြိုးစားယူလို ရနိုင်ပါတယ် ။

သူကပဲတော်နေတတ်နေတာပဲ၊ သူကပဲအရမ်းတော်သလိုလုပ်နေတာပဲဆိုပြီး အမုန်းတရားနဲ့ ပူလောင်မယ့်အစား ကိုယ့်ကိုယ်ကိုသာ ကောင်းအောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုသာ တိုး‌တက်အောင်လုပ်ပါ။

မနာလိုစိတ်တွေ မများဘဲ အပြိုင်အဆိုင်တွေ လိုက်မပြိုင်ဘဲ ကိုယ်ကျိုးစွန့်လွှတ်မယ် အနစ်နာခံမယ်
မုဒိတာတရားတွေ ထားမယ်ဆိုရင်

ကိုယ်ဘ၀လည်း ကောင်းကျိုးတွေ ဖြစ်ထွန်းကြမှာ သေချာပါတယ် ။

ဒါကြောင့်…..မဖြစ်သင့်တဲ့ စိတ်တွေကို နေရာ မပေးဘဲ စိတ်ထားတတ်အောင် နေထိုင်ပါ ။

 သာရ ဂ ဝေ သီ 
     🙏🙏🙏