Myanmar Women League 2024 ပွဲစဉ်များ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသွားမယ့် Myanmar Women League 2024 ရဲ့ Week-1 ပွဲစဉ်တွေ ရောက်ရှိလာပါပြီ။
၂၀၂၄ ခုနှစ်ပြိုင်ပွဲဟာ ကလပ်အသင်းသစ်တွေ ပါဝင်လာမှုနဲ့အတူ ပြိုင်ပွဲမစတင်မှီကတည်းက စိတ်ဝင် စားမှု မြှင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲစဉ်တွေကတော့ မေလ ၇ ရက်နေ့ ယနေ့မှာ စတင်ကစားကြတော့မှာပဲဖြစ်ပါတယ်။

Week-1 မှာ လက်ရှိချန်ပီယံ မြဝတီအသင်းနဲ့ ရန်ကုန်ယူနိုက်တက်၊ အသင်းသစ်ဧရာဝတီအသင်းနဲ့ နာမည်ကြီး သစ္စာအားမာန်၊ ရှမ်းပြည်နယ်ဖွား မျက်နှာသစ်ကစားသမားတွေ ပွဲထုတ်သွားဖို့ရှိနေတဲ့ ရှမ်းယူနိုက်တက်နဲ့ လက်ရွေးစင်အများစုနဲ့ အခြေခံထားတဲ့ ISPE အသင်းတို့ တွေ့ဆုံမှု ပွဲစဉ်တွေ ပါဝင်နေတယ်လို့သိရပါတယ်။ #Crd