တပ်မတော်ကဘာကြောင့်နိုင်ငံရေးထဲပါနေတာလဲ??

လွတ်လပ်ရေးအတွက် ဖွဲ့စည်းခဲ့တဲ့ BIA ကနေ လွတ်လပ်ရေးရသည်အထိ တပ်မတော်ဟာနိုင်ငံရေးထဲတိုက်ရိုက်သွယ်ဝိုက်နည်းမျိုးစုံပါဝင်ခဲ့ပေမယ့်လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ တပ်မတော်ဟာ နိုင်ငံရေးနဲ့ကင်းကင်းရှင်းရှင်းနေခဲ့တဲ့အနေအထားကနေ
တပ်မတော်ကအာဏာသိမ်းအောင် စည်းရုံးလှုံ့ဆော်ခဲ့ကြတာ နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။

၁၉၄၈သြဂုတ်လမှာ လက်ဝဲနိုင်ငံရေးသမားဦးသိန်းဖေမြင့်အဖွဲ့က ဗိုလ်ချုပ်နေဝင်း ဦးဆောင်အာဏာသိမ်းဖို့ စီစဥ်ရာမှာဗိုလ်ချုပ်နေဝင်းက လက်မခံတဲ့အတွက် အစီအစဥ်ပျက်သွားရပြီး ဗိုလ်ဇေယျဗိုလ်ရဲထွတ်နဲ့တပ်ရင်းအချို့ တောခိုသွားကြတယ်။

၁၉၄၉ခု နှစ်နှစ်ဆန်းပိုင်းမှာ လက်ယာနိုင်ငံရေးသမားကြီးဦးဘဘေ(ဘကြီးဘဘေ)တိုက ဗိုလ်ချုပ်နေဝင်း ဦးဆောင်အာဏာသိမ်းဖို့ ကြိုးစားခဲ့ကြပေမယ့်ဗိုလ်ချုပ်နေဝင်းက လက်မခံတဲ့အတွက်အစီအစဥ်ပျက်သွားရပြန်ပါတယ်။

၁၉၄၉ခုနှစ်ဧပြီလမှာ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေဝင်းကို ဖဆပလအစိုးရအဖွဲ့ထဲ ဆွဲသွင်းပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်တာဝန်အပြင်ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးရာထူးတွေတာဝန်ပေးအပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီးတစ်နှစ်ကျော်အကြာမှာ တပ်မတော်ဟာ နိုင်ငံရေးထဲ ပြန်ပါလာခဲ့ရတာ ဖြစ်ပါတယ်။

၁၉၅၈ခုနှစ်အိမ်စောင့်အစိုးရအဖြစ် တပ်မတော်ကိုအာဏာလွှဲအပ်ရခြင်းရဲ့ဇစ်မြစ်အစဟာ အာဏာရဖဆပလ အဖွဲ့နှစ်ခြမ်းကွဲရာက စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

၁၉၆၂ခုနှစ်တပ်မတော်က အာဏာသိမ်းရခြင်းအကြောင်းရင်းက နိုင်ငံရေးသမားတွေ ရှင်းမရတော့တဲ့ ရှမ်းမူ(ခေါ်)ဖက်ဒရယ်မူ(ခေါ်)ရှစ်ပြည်နယ်မူ အကြောင်းပြပြီး ရှမ်းပြည်နယ် ခွဲထွက်မယ့်အရေးကြောင့်ဖြစ်ပါတယ်။တပ်မတော်က အာဏာသိမ်းချင်လို အကြောင်းပြတာ လို နိုင်ငံရေးသမားတွေက ဝါဒဖြန့်ပေမယ့် အဲဒီကာလက ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ပြောကြားခဲ့တဲ့ ရှမ်းပြည်နယ်ခွဲထွက်ရေးလှုပ်ရှားမှု မှတ်တမ်းတွေ ရှိပါတယ်။ရှစ်ပြည်နယ်မူကို ဖဆပလ၊ ပမညတ၊ ပထစ (အာဏာရပါတီ)ဆိုတဲ့ ဗမာနိုင်ငံရေးပါတီကြီးသုံးခုစလုံးက လက်မခံနိုင်တဲ့အတွက် နိုင်ငံရေးသမားတွေ နိုင်ငံရေးအရ ရှင်းမရတော့တဲ့ပြဿနာ မှာ ပြည်ထောင်စုမပြိုကွဲရေးအတွက် တပ်မတော်က အာဏာသိမ်းဖိုနည်းလမ်းသာ ရှိပါတော့တယ်။

၁၉၈၈ခုနှစ် မှာ သမ္မတဒေါက်တာမောင်မောင်က သုံးလအတွင်းရွေးကောက်ပွဲကျင်းပ ပြီးအာဏာလွှပေးမယ် လို အစွမ်းကုန်လိုက်လျောပြီးတာကို လက်မခံဘူး ဆိုတော့ အစိုးရယန္တယားတွေရပ်တန့်နေပြီး ပြည်သူလူထု ကျီးလန့်စာစားဖြစ်နေရတဲ့မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့အချိန်၊အမေရိကန်စစ်သင်းဘောတွေ ပင်လယ်ဝ ရောက်နေချိန်၊ရှမ်းမြောက်တရုပ်နယ်စပ်မှာ တရုပ်တပ်တွေ အင် အား ပြစုဖွဲလာချိန်မှာ တပ်မတော်က အာဏာမသိမ်းဘဲ တိုင်းပြည်ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်ကြည့်နေရမှာလား လို သာ မေးရတော့မှာ ဖြစ်ပါတယ်။(တပ်က အာဏာလိုချင်လို အကြောင်းပြအာဏာသိမ်းတယ်လို ပြောကြပေမယ့်အဲဒီကာလက တပ်မတော်အာဏာသိမ်းလိုက်မှ ပဲ စိတ်ချလက်ချ နေရတော့တယ်ဆိုတဲ့ပြည်သူတွေအများကြီး ရှိပါတယ်)

၂၀၂၁ အာဏာထိန်းမှုဟာ မဲမသမာမှု အကြောင်းပြပြီး အာဏာသိမ်းတာလို ပြောကြပေမယ့် မဲမသမာမှုကြောင့် မဟုတ်ဘဲ မဲမသမာမှု ကိစ္စကို မဖြေရှင်းဘဲ အာဏာရယူရန်ကြိုးပမ်းမှုကြောင့် ဖြစ်ပါတယ်။မဲမသမာမှုကိစ္စကို အာဏာရပါတီက ဖြေရှင်းခဲ့ရင် အာဏာထိန်းတဲ့အထိပြဿနာတက်စရာမရှိပါ။အာဏာထိမ်းတာကို အပြစ်တင်ချင်ရင် ဖြေရှင်းဖိုနည်းလမ်းများစွာရှိရက်နဲ့မဖြေရှင်းဘဲအာဏာမထိန်းလိုမရတော့တဲ့အခြေအနေရောက်အောင်ဖန်တီးခဲ့တာတွေကိုလည်း အပြစ်တင်ရမှာဖြစ်ပါတယ်။

၆၂၊၈၈လို ဖွဲစည်းပုံအခြေခံဥပဒေကိုဖျက်ပစ်ပြီး အာဏာသိမ်းတာမဟုတ်ဘဲ အခြေခံဥပဒေနဲ့အညီ အချိန်ကာလအတိအကျသတ်မှတ်ချက်နဲ့ ရွေးကောက်ပွဲကျင်းပအာဏာပြန်အပ်မှာ ဖြစ်တဲ့အတွက် အာဏာ သိမ်းတာ မဟုတ်ဘဲ အာဏာထိန်းတာသာ ဖြစ်ပါတယ်။ အာဏာပြန်ဲပေးဖို ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို တပ်မတော်က နိုင်ငံတော်အာဏာရယူတာမကျေနပ်ဘူးဆိုတဲ့သူတွေက မကျင်းပရဘူး ဆိုတော့ အာဏာပြန်မလွှဲပေးနဲ့၊ ဆက်ယူထားလို ပြောနေတာနဲ့ အတူတူ ဖြစ်နေပါတယ်။

အာဏာထိန်းရာကနေဒီမိုကရေစီလမ်းပေါ်ပြန်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပ အာဏာပြန်လွှဲဆိုတဲ့နည်းလမ်းကလွဲပြီး အခြားနည်းလမ်းမရှိတဲ့အတွက် ရွေးကောက်ပွဲကိုလက်မခံဘူးဆိုတာဟာ အာဏာလွှဲလို့မရအောင် လုပ်နေတာဖြစ်လို့ တပ်မတော်ကို အာဏာ ဆက်ယူ ထားပါလို့ ပြောတာဖြစ်နေပြီ ဆိုတာလည်း စဥ်းစားကြဖိုလိုပါတယ်။

တပ်မတော်ကိုနိုင်ငံရေးထဲဆွဲသွင်းတာ နိုင်ငံရေးသမားတွေ ဖြစ်သလို နိုင်ငံရေးထဲက တပ်မတော်ထွက်လိုမရအောင် လုပ်နေတာလည်း နိုင်ငံရေးသမားတွေ ဖြစ်နေပြီ ဆိုတာ မှန်မှန်ကန်ကန် ပြန်သုံးသပ်ကြည့်ကြဖို လိုနေပြီ ဖြစ်ပါတယ်။