ကျိုင်းတုံမြို့၊ လွိင်မွေဒေသ၊ ချယ်ရီပန်းပွဲတော်(၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လွိင်မွေဒေသသို ခရီးသွားလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ချယ်ရီပန်းပွဲတော်(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းကကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းရင်းသားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲများက ရိုးရာအကများဖြင့် ဖျော်‌ဖြေတင်ဆက်ခဲ့ကြပါတယ်။
လွိင်မွေဒေသ၌ နှစ်စဉ်ဆောင်းရာသီကာလအတွင်း တစ်လကြာ ချယ်ရီပန်းများပွင့်သည့်အတွက် ချယ်ရီပန်းပွဲတော်(၂၀၂၃)ကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။