ကြက်နာကုသနည်း လေ့လာကြရအောင်

မွေးမြူရေးပညာရှင်များအတွက် ဆောင်းရာသီလဲဝင်လာသလို ကြက်နာဖြစ်တတ်တဲ့အချိန်ဆိုတော့ မိမိတို့ကြက်လေးတွေကို
ကုသပေးနိုင်အောင် ကူးယူမျှဝေပေးလိုက်ရပါတယ်။ ပထမဆုံးကြက်နာစငွေ့ပြီဆိုရင်
(၁) ကြက်က ကုတ်ချောင်းချောင်းနဲ့ မလန်းဆန်းတော့ခြင်း၊
(၂) နှာရည်ယိုလာခြင်း၊
(၃) ချွဲတွေထလာခြင်း၊
(၄) ဝမ်းမမှန်တော့ခြင်း၊
(၅) ချေးရောင်ပြောင်းသွားခြင်း၊
(၆) တစ်ဖြည်းဖြည်း အစာမကောက်/ မစားတော့ဘဲ သေခြင်း၊
(၇) ၎င်းနဲ့နီးစပ်ရာ ကိုယ်ခံအားနည်းတဲ့ ကြက်တွေကူးစက်ပြီး သေကြခြင်းတို့ ဖြစ်နိုင်ပါတယ်။
နှာရည်ယိုချွဲထတာဟာ အစာမချက်တာကြောင့်ပါ။ ကြက်ဆိုတာ စလုတ်ကတစ်ဆင့် အစာအိမ်လမ်းကြောင်းကို သွားတဲ့အတွက်
သောက်ဆေးမတိုးခြင်း ဖြစ်နိုင်ပြီး၊ အစာမချက်ပဲ စလုတ်မှာကြာပြီး ပုတ်တဲ့အတွက်ပါ။
၁။ ပထမဆုံး စလုတ်ကို သန့်ရှင်းပေးရပါမယ်။
၂။ နီးစပ်ရာ အင်္ဂလိပ်ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်တဲ့ ဆေးထိုးအပ်နှင့် Dripပိုက် တစ်စုံဝယ်ပါ။
၃။ ကြက်ဆေးဆိုင်က CRD နှာပုတ်၊ ချွဲပုတ်ပျောက်ဆေး ဝယ်ပါ။
၄။ BBI ဓာတ်ဆား အမှုန့်ထုတ် ဝယ်ပါ။
၅။ အောက်စီတက်ထွာ ဆေးဝယ်ပါ။
၆။ ဗားပလက် ဝယ်ပါ။
အဲ့ဒီနောက် နာနေတဲ့ကြက်ကို ခွဲထုတ်ပါ။ လေဝင်၊ လေထွက်ကောင်းပြီး သန့်ရှင်းတဲ့ သီးသန့်နေရာကို ပြောင်းရွေ့ပါ။
ကျန်တဲ့ မနာသေးတဲ့ ကြက်တွေကို CRD ၅ စက် အကောင်တိုင်း ကြိုတိုက်ပေးပါ။
ကြက်နာငွေ့ငွေ့ ကြက်တွေဆို CRD ၅ စက်နဲ့တင် သိသာပါတယ်။
ဆေးက နှာပုတ်ချွဲပုတ်တစ်ခုထဲ အသုံးတည့်တာ မဟုတ်ပါဘူး တစ်ချို့ကြက်နာတွေပါပျောက်ပါတယ်။
တိုက်ပြီးရင် BIO + B12 ရေဖျော်ဆေးမှုန့်ကို ရေကျက်အေးနဲ့ ပုံမှန်တိုက်နေကျ ရေအစား ပြောင်းပြီးတိုက်ပေးပါ။
ငှက်တွေ လာမသောက်နိုင်အောင် သီးသန့်ထားပေးပါ။
နာတဲ့ကြက်ကတော့
(၁) ဝယ်ယူထားတဲ့ Drip ပိုက်နဲ့ ဆေးထိုးအပ်ကို ပထမဆုံးစသုံးပါမယ်။
(၂) ဆေးထိုးအပ်ကို ဖင်ပိုင်းလက်မတွန်းတဲ့ဘက်ကို ဆွဲဖြုတ်လိုက်ပါ။ ထိပ်ပိုင်းဆေးထိုးအပ်တပ်တဲ့နေရာမှာ Drip ပိုက်ကိုတပ်ပါ။
ပြီးရင် ဆေးထိုးပိုက်နဲ့ ရေပိုက်ခေါင်းနဲ့တွဲတပ်လိုက်ပါ။
(၃) ကြက်ကို ချွဲရိုက်သလို ခြေထောက်ကိုပေါင်ကြားညှပ်ပြီး ဇောက်ထိုးအနေထားမျိုးထားပြီး ပါးစပ်ကိုဖြဲထားပါ။
မရုန်းနိုင်အောင် သေချာညှပ်ဖိထားပါ အရမ်းမဖိထားရပါဘူးနော်။
(၄) ရေပိုက်ခေါင်းဖွင့်ပြီး ရေစီးဆင်းနေတဲ့ ဒွစ်ပိုက်အသေးကို လည်ပင်းထဲ အသာအယာ ထည့်ပါ။ စလုတ်အထိရောက်အောင်
စလုတ်ကို ဖိနယ်ပြီး ရေနဲ့ပြန်ထွက်လာအောင် ထုတ်ရပါမယ်။ အထဲက အစာပုတ်တွေ ကုန်တဲ့အထိ ကြက်မခံနိုင်ပါက
ခဏနားပြီးပြန်လုပ်ပါ။ သုံးခါလောက် လုပ်ပေးပါက သန့်သွားပါပြီ။
(၅) ရေပိုက်ကို အတိုးအလျော့လုပ်ပေးရပါမယ်။ ရေအရမ်းများရင် သေတတ်ပါတယ်။ ကြက်စလုတ်ထဲအစာမချက်ပဲ ပုတ်နေတဲ့အစာဟောင်းတွေ မရှိတော့လို့ ပါးစပ်နံပြီး မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေတာ သက်သာမှာပါ။
(၆) အစာလုံးဝမကျွေးပါနဲ့၊ ရေခြောက်အောင်သုတ်ပြီး CRD ၅ စက်တိုက်ပြီးထားပါ။
(၇) နှစ်နာရီခြားတာနဲ့ BBI ဓာတ်ဆားကို ရေချက်အေးနဲ့ ဖျော်ပြီး တိုက်ပါ။ ရေစိမ်းတိုက်ရင် ချွဲပြန်ထတာကြောင့် ရေကျက်အေးပဲ
အသုံးပြုပါ။
(၈) ဓာတ်ဆားရည် ကုန်တာနဲ့ CRD ၃ စက် ထပ်တိုက်ပါ။
(၉)ညနေကျ ထမင်းပူပူလေးကို အအေးခံ၊ လက်တစ်ဆစ်စာ သုံးလေးလုတ် လုံးပြီး အောက်စီတထွာ ဘားပလက်နဲ့ တွဲပြီး
ကျွေးလိုက်ပါ။ ခြင်မကိုက်ပဲ နွေးထွေးမယ့် ကောက်ရိုးပုံးနဲ့ အိပ်ခိုင်းပါ။ ၂-၃ရက်နေရင် သက်သာသွားပါလိမ့်မည်။