လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေး

ဖေဖေါ်ဝါရီ ၁၀ရက်က လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့မှုခင်းဖြစ်စဉ်တစ်ခုအင်းစိန်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလင်မယားဟာကွဲကွာနေကြသူတွေဖြစ်ပြီးခင်ပွန်းဖြစ်သူကဇနီးသည်နေအိမ်သို့ပြန်လာရာမှနှစ်ဦးသားစကားအချေအတင်များကာခိုက်ရန်ဖြစ်ပွားရာကနေအခုလိုထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“အမျိုးသမီးဖြစ်သူကဦးခေါင်းမှာနှစ်ချက်ထိတယ်၊တူနဲ့ထုတာဆိုတော့ခန္ဓာကိုယ်အနှံ့အပြားမှာဖူးယောင်ဒဏ်ရာတွေရတယ်၊ခေါင်းကွဲတယ်၊လူနာကတော့စိုးရိမ်ရတဲ့အနေအထားမရှိပါဘူး။လက်ရှိတော့အင်းစိန်ဆေးရုံမှာပဲတင်ထားတာပေါ့။သူတို့ကလင်မယားချင်းကကွဲနေရင်းရဲ့ယောကျာ်းဖြစ်သူကအိမ်ကိုပြန်လာပြီးပြဿနာလာရှာတယ်ပြောတယ်။ယောကျ်ားဖြစ်သူကအရက်သေစာသောက်စားပြီးပြဿနာလာရှာတာလို့လည်းလူနာနေအိမ်အနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေကပြောပါတယ်။အဲ့လိုရန်ဖြစ်ရိုက်နှက်ပြီးသွေးထွက်သံယိုဖြစ်တော့ပတ်ဝန်းကျင်ကမနေနိုင်လို့လာကြတဲ့အခါအမျိုးသားဖြစ်သူကထွက်ပြေးသွားတယ်ပြောပါတယ်။ပတ်ဝန်းကျင်ကလူတွေပဲထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသမီးကိုဆေးရုံပို့ဆောင်ပေးဖို့ ကျွန်တော်တို့ကိုဖုန်းလှမ်းဆက်ခေါ်တာနဲ့လူနာကိုသွားရောက်ခေါ်ဆောင်ပြီးအင်းစိန်ဆေးရုံကိုပို့ပေးခဲ့တာဖြစ်ပါတယ်”လို့ နယ်မြေခံလူမှုကူညီရေး ပရဟိတသမားတစ်ဦးက ပြောပါတယ်။