ပြည်သူများအပေါ် အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်မှုများ

မတ်လ ၆ ရက်နေ့ ၁၈၃၀ နာရီချိန်တွင် ဝက်လက်မြို့နယ်၊ ဟံလင်းကျေးရွာ၊ တောင်ဘိုရပ်ကွက်တွင် နေထိုင်သော ဒေါ်အေးမှုံ(၈၇) နှစ်၊ ဒေါ်ညိုတုတ်(၇၀) နှစ်၊ ဦးမျိုး(၅၀) နှစ်နှင့်ဦးတင့်(၅၅) နှစ်တို့ ၄ ဦးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် pdf ၁၅ ဦးရောက်ရှိလာပြီး အဆိုပါ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရ။

မတ်လ ၆ ရက်နေ့ ၀၆၁၅ နာရီချိန်တွင် ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းရှိ တံတားအရှည် ၁၂၀ ပေ အကျယ် ၁၄ ပေသံကူကွန်ကရစ်တံတားအား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးသွားခဲ့သဖြင့် တံတားကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

မတ်လ ၆ ရက်နေ့ ၁၄၄၀ နာရီချိန်တွင် မကွေးမြို့နယ်၊ ကန်သာကန်ဘောင်အနီးတွင် အကြမ်းဖက်သမား PDF တစ်ဦးမှ မိုင်းထောင်ရန်လာရောက်စဉ် လက်ဝယ်အတွင်းပေါက်ကွဲသွားခဲ့ပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်းအလောင်းအနီးမှ လက်လုပ်မိုင်း ၁ လုံးနှင့် ထက်ရှိုင်းအောင် အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်တစ်ခု ရရှိခဲ့ကြောင်း သိရှိရ။

မတ်လ ၆ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ပုလဲမြို့နယ်၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သော ဦးဖိုးကြည်(၇၃) နှစ်၏ နေအိမ်သို့ အကြမ်းဖက်သမားမောင်နိုင်ဦးစီး အင်အား ၃၀ ခန့်ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ TOYOTA HILUX ယာဉ်အားယူဆောင်သွားခဲ့ပြီး ဦးဝင်းနိုင်၊ ဦးထွန်းနိုင်၊ ဒေါ်ချဉ်ဆူး၊ ဦးဌေးဦးနှင့် ဦးကြင်အောင်ထွေးပိုင်ဆိုင်သည့် နေအိမ်များအား အကြမ်းဖက်သမားများအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရ။

မတ်လ ၇ ရက်နေ့ ၁၄၀၅ နာရီတွင် မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဒေါ်ဇင်မာထွန်း(၃၇)နှစ်၊ ဦးဆန်းထွန်း(၃၃)နှစ်၊ ဦးချစ်မိုး(၂၅)နှစ်၊ ဦးချစ်နိုင်(၂၁)နှစ်တို့သည် ကျေးရွာအတွင်း လမ်းလျှောက်နေစဉ် အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေါ်ဇင်မာထွန်း တွင် ယာရင်အုံ၊ လည်ပင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဦးချစ်မိုးတွင် ယာမျက်လုံး ဗုံးစ ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးဆန်းထွန်းတွင် ဝဲခြေဖနောင့်ဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးချစ်နိုင်တွင် ယာရင်အုံ၊ ဝဲခြေထောက် ဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့။

မတ်လ ၇ ရက် ၀၈၀၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၀၆)၊ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ဓာတ်တိုင်အောက်ရှိ CCTV Control ပုံးအနီးသို့ အကြမ်းဖက် PDF ၁ ဦး ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ရာ CCTV Control ပုံး အောက်ခံ အုတ်ခုံ ကျိုးပဲ့ပျက်ဆီး၊ Control ပုံးနှင့် သွယ်တန်းထားသည့် ဝါယာကြိုး ၄ ချောင်းအနက် ၂ ချောင်း ပျက်ဆီး၊ CCTV control ပုံးတွင်းရှိ ဆားကစ်ပြားပျက်ဆီးသွားခဲ့။