မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား pdf များက အကြောင်းမဲ့ သတ်ဖြတ်

ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မြိုင်မြိုနယ် ပေါက်ပြင်းကျေးရွာတွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁ ဦးသည် နေအိမ်တွင် မိသားစုများနှင့်အတူရှိနေစဉ် pdf များက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါသည်။
အပြစ်မဲ့ပြည်သူ ၁ ဦးသည် အေးချမ်းစွာ နေထိုင်လျက်ရှိရာ ၎င်း၏ နေအိမ်သို pdf များက လက်လုပ်သေနတ်များကိုင်ဆောင်ကာရောက်ရှိလာပြီး ထိုအပြစ်မဲ့ပြည်သူ ၁ ဦးအား မေးမြန်းစရာရှိသည်ဟု မဟုတ်မမှန် လိမ်လည်ပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြေသားလမ်းမပေါ်အရောက်တွင် လက်လုပ်သေနတ်များဖြင့် ပစ်ခတ်သွားခဲ့ရာ သေနတ်ဒဏ်ရာများဖြင့် နေရာမှာပင် သေသေးသွားခဲ့ကြောင်း သိရှိရပါသည်။