မြေနဲကျေးရွာနှင့် ကူတောပလ္လင် ကျေးရွာ ကြားတွင် PDF များထောင်ထားသည့် မိုင်းများအား ဖော်ထုတ်ရှင်းလင်း

ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၂ နာရီခန့်တွင် မုံရွာမြို့နယ် မြေနဲကျေးရွာနှင့် ကူတောပလ္လင်ကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများသည် PDF ပဒက်များ၏ ထောင်ထားသည့်မိုင်းများအား ဖော်ထုတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
PDF ပဒက်များသည် အများပြည်သူများ အေးချမ်းစွာ သွားလာလျက်ရှိြပိး စားဝတ်နေရေးများအတွက် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်ကို ထိခိုက်tayကျေစေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းများအား ထောင်ထားခဲ့ရာ လုံခြုံရေးအဖွဲများက အများပြည်သူများအား ထိခိုက်မှုမရှိစေရန် PDF ပဒက်များထောင်ထားသည့် သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၃ လုံး၊ ကော်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၄ လုံး၊ ၁၂ ဗိုဘတ္ထရီ ၁၀ လုံး၊ ဝါယာကြိုး ၁၃ ခွေ၊ ရီမုခလုတ် ၁၂ ခု တိုအား ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲများကတော့ အများပြည်သူများ၏ အသက်အန္တရာယ်ပေးမဲ့ PDF ပဒက်တွေရဲ့ ယုတ်မာမှုရန်မှ ကာကွယ်ပေးလိုက်ပါပြီ။