💖စစ်သားတစ်ယောက်ရဲ့ချစ်သူဖြစ်နေပြီ…..ရဲတစ်ယောက်ရဲ့ချစ်သူဖြစ်နေပြီဆိုရင်

၁။တစ်ယောက်နဲ့တစ်ယောက်ဖုန်းပြောလို့ သူ့ဘက်ကအလုပ်တွေရှုပ်နေတဲ့အခါ……..အရင်လိုပျော့ပျောင်းမှုမရှိပဲသူပြောတဲ့စကားမာသွားရင်သူစိတ်ရှုပ်နေလိုပဲ ဖြစ်မှာပါလိုနားလည်ပေးနိုင်ရမယ်…..။

၂။အရင်လိုဖုန်းခဏခဏမဆက်ဖြစ်တဲ့အခါ တစ်ခြားတစ်ယောက်နဲ့များရှိနေမလားဆိုတဲ့ အတွေးကိုလည်းဖျောက်ပစ်နိုင်ရမယ်…သူတောင်သူ့အလုပ်နဲ့သူမအားတာလေ…..။

၃။အရမ်းမလွမ်းတတ်အောင်လေ့ကျင့်ထားရမယ်………ဒါမှခံနိုင်ရည်ရှိမှာလေ……။

၄။သူကိုယ့်ကိုလိုလိုလားလားနဲ့ ကြည်ကြည်ဖြူဖြူစကားတွေ ပြောနေတဲ့အချိန်မှာ ကိုယ်ကပိုပြီး အားပေးနှစ်သိမ့်မှုတွေ ပေးနိုင်ရမယ်….ဒါမှသူ့အတွက်အင်အားတွေပိုရှိမှာပေါ့…။

၅။သူတိုရဲ့အလုပ်နဲ့ပတ်သတ်ပြီး မေးခွန်းတွေလည်းအရမ်းမမေးတတ်ဖိုလေ့ကျင့်ထားရမယ်…..စစ်သား/ရဲတွေရဲ့ဒုတိယ
အသက်ကတပ်ရဲ့တာ၀န်တွေမပေါက်ကြားနိုင်ဖိုပဲလေ….။

၆။ကိုယ်ကစိတ်ပူလို့ ခဏခဏပြောမိပေမယ့် သူတိုကိုယ်သူတို အမြဲတမ်းသတိရှိနေတဲ့အတွက်ကိုယ့်ရဲ့စိုးရိမ်မှုတွေကို
လျှော့တတ်ရမယ်…….။

၇။အချိန်ဆိုတာသူတိုမှာအတိအကျမရှိတဲ့အတွက်…….ကိုယ့်စီ ရောက်လာမဲ့အချိန်ကိုလည်းသည်းခံပြီးစောင့်ပေးနိုင်ရမယ်…။

၈။သူတိုကိုချစ်လားလွမ်းလားလိုမေးရင်တစ်ခါတလေ……လွမ်းချိန်တောင်မရဘူးဆိုတာအလိုလိုနားလည်ထားရမယ်….။

၉။ရာထူးဂုဏ်အရှိန်အဝါတွေရှိမှချစ်နိုင်ပါမယ်ဆိုတဲ့အတွေးနဲ့ ကိုယ့်ဘက်ကစချစ်ခဲ့ရင်ဘာဂုဏ်ဘာရာထူးမှ
မရှိတော့ရင်လည်းသစ္စာရှိစွာဆက်ချစ်ပေးနိုင်မှသာ ရဲ/စစ်သားတွေရဲ့ပါရမီဖြည့်ဖက်အစစ်အမှန်ဖြစ်လာပါလိမ့်
မယ်……..။

၁၀။သူတိုဘ၀ကို သူတိုတောင်မပိုင်တာ သင့်ရဲ့စိတ်ကိုပိုင်ဆိုင်ခွင့်ရဖိုဆိုတာအဝေးကြီးပါ……….ဒါကြောင့်သူတိုလိုလူတွေကို
ချစ်ခဲ့မိမယ်ဆိုရင်……နားလည်မှုတွေကရာထောင်ချီတဲ့အထိ ပေးဆပ်နိုင်မှသာလျှင်ကိုယ်လည်းပြီးပြည့်စုံတဲ့အချစ်တစ်
ခုကိုပိုင်ဆိုင်ရမှာပါ……….😍😍😍

Crd(သူများဟာမလာခဲ့သည်)