PDF အမည်ခံအကြမ်းဖက်သမားများကမုံရွာမြို့နေ၊ လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦး လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက် လျက်ရှိတဲ့တပ်ဖွဲ့ဝင်များအား ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDFအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ PDFအကြမ်းဖက်သမား ၂ ဦ: အလောင်း ၂ လောင်းအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများ၏ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိတဲ့ လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦ:လက်နက်ငယ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။