ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့ နယ်၊ချမ်းမြသာစည်မြို့ နယ်နှင့်အောင်မြေသာစံမြို့ နယ်တို့ မှ ငွေကျပ် ၅၄၀၄ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေး ဝါးများအား အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့ က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တို ဘာ ၂၈ ရက်နေ့လည် ၁ နာရီခွဲခန့်က ပုသိမ်ကြီးမြို့ နယ်၊အုန်းချောကျေးရွာအနီးတွင် စည်သူထွန်း (ခ)စည်သူ(၂၅)နှစ်နှင့်သန်းထွန်း(ခ)အားချန်(၂၄) နှစ်တို့ အား ကားနှစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ကြသည်။