တိုက်ပွဲများကြောင့် သစ်သီးတင်ပို့မှုရပ်နားထားရ

ယခုရာသီသည် သစ်သီးပေါ်ချိန်ဖြစ်ပြီး တရုတ်ဘက်သို့ တင်ပို့ သည့် ကာလဖြစ်သော်လည်း တိုက်ပွဲများကြောင့် တင်ပို့ မှုရပ်နားထားကြောင်း သစ်သီးပွဲရုံများထံမှ သိရသည်။

” အခုကတော့ တိုက်ပွဲတွေဖြစ်နေလို့ ဘာမှလုပ်လို့ မရဘူး။ အကုန်လုံးရပ်နားထားရတာပေါ့။ ထွက်သွားတဲ့ကားတွေကတော့ လမ်းမှာပိတ်မိကုန်တယ်။ ဘာမှလုပ်လို့ လည်းမရဘူး”ဟု မန္တလေးရှိ သစ်သီးပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။