အောက်တိုဘာ ၃၁ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၃၀ ရက် ၁၆၀၀ နာရီတွင် ဆောမြို့နယ်၊ ပုပ္ပကိုင်းကျေးရွာနေ ဦးမောင်ဆန်း(၅၅)နှစ် နေအိမ်သို့ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၁၀ ဦးခန့် ရောက်ရှိလာပြီး ဦးမောင်ဆန်းအား ပုပ္ပကိုင်း ကျေးရွာ၏တောင်ဘက် ဆီမီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-အောက်တိုဘာ ၃၀ ရက်၀၉၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာသို့ အကြမ်းဖက် PDF ကျား ၆ ဦးမှ ဆိုင် ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကျေးရွာအတွင်း နေထိုင်သော ဦးဌေးအောင်(၇၀)နှစ်တွင် ဝဲ/ယာဘက်နားထင်၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးတိုးမြင့်(၄၇)နှစ်တွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ>

-အောက်တိုဘာ ၃၀ ရက် ၀၆၄၅ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကန်ချောင်းကျေးရွာ၊ ကြက်မွေးနှုတ်တဲတိုက်နေ မခင်ယုမော်(၂၁)နှစ်၊ အား အကြမ်းဖက် PDF ကျား ၇ ဦးမှ ဆိုင်ကယ်       ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၅ ချက်ပစ်ခတ်၍ ဆွဲကြိုး ၁ ကျပ်သားခန့် ၁ ကုံး၊ နားဆွဲ ၁ ကျပ် သားခန့် ၁ ရံတို့အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ မခင်ယုမော်တွင် နဖူး၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ>

-အောက်တိုဘာ ၃၀ ရက် ၀၆၀၀ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကျေးရွာနေ ဦးထူး(၅၄)နှစ်နှင့် သားမက်ဖြစ်သူ ကျော်သူ(၃၈)နှစ်တို့ ၂ ဦးသည် ရုံးချောင်းအုပ်စုအတွင်းရှိ ဒေသအ‌ခေါ် မျက်နှာသစ်တောင်ယာ၌ တောင်ယာ လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ။