ရပ်စောက်မြို့နယ်၊ ဘုရားဖြူကျေးရွာတွင် ဘုန်းကြီးကျောင်းမီးလောင်၊ဆရာတော်တစ်ပါးပျံလွန်တော်မူ

ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဧပြီလ ၁၉ ရက်‌နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မီးလောင်နေကြောင်းသတင်းအရ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့်သွားရောက် မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်းမှုဖြစ်စဉ်အတွင်း ဆရာတော် ဥူးသံဝရ၊ သက်တော်(၇၆)နှစ်၊ ဝါတော်(၁၀)သည် ၎င်းသတင်းသုံးနေထိုင်သည့် အလျား(၆၀)၊ အနံ(၄၀)၊ သွပ်မိုးပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်ကျောင်းဆောင် အတွင်း ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် မီးလောင်မှုကြောင့် ကျောင်းဆောင်အတွင်း ပျံလွန်တော်မူသွားခဲ့ကြောင်း သိရှိရပါတယ်။