SACINFOTEAM မှအမျိုးသမီးများစစ်မှုထမ်းမခေါ်သေးကြောင်း SMS များပေးပို့

မနေ့က သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဆောင်မှုနှင့်ပတ်သက်ပြီး အမျိုးသမီးများမခေါ်သေးကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ SACINFO TEAM မှလည်း အမျိုးသမီးများစစ်မှုထမ်းမခေါ်သေးကြောင်း တယ်လီဖုန်းများသို့ SMS များပေးပို့ပြီး အသိပေးအကြောင်းကြားနေကြောင်းသိရပါတယ်။ မိဘပြည်သူများအနေနဲ့လည်း တရားဝင်ထုတ်ပြန်ချက်များကိုပဲ ဂရုစိုက်နားထောင်ကြဖို့နဲ့ ကောလာဟလသတင်းအမှားများကို မယုံကြဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်။