စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများအား ထောက်ပံ့ပစ္စည်းများပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာသို့သွားရောက်ကာ သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌ IDP စခန်းများမှ မုန်တိုင်းဒဏ်သင့် ဘင်္ဂါလီစခန်းတာဝန်ခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရပါတယ်။