ဖေဖော်ဝါရီလ ၂၀ ရက် တိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
💥💥💥💥💥💥💥💥💥💥💥💥💥

ဆီဆိုင်

ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLO နှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ-

ရန်သူကျဆုံး၊ ဒဏ်ရာရသူများအား သယ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။
မိမိစစ်သည် ၂ ဦး ဒဏ်ရာရ၊ ပြည်သူ့စစ် ၁ ဦးကျ။

ဟိုပုံး

ရှမ်းပြည်(တောင်ပိုင်း) ဟိုပုံးမြို့နယ် ကျောက်ကချားရွာအနီး တပ်မတော်+PNO အဖွဲ့များနှင့် KNDF/PNLO နှင့် အကြမ်းဖက် ပူးပေါင်း ၃၀ ဦးခန့်တို တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့။

ကလေးဝ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ဆင်အိုင်မကျေးရွာရှိ ပြည်သူ့စစ်စခန်းသို့ နေရာ ၃ နေရာမှ PDF အကြမ်းဖက် ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

အကြမ်းဖက် PDF များထံမှ ကာဘိုင် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ ကျည်မျိုးစုံ ၉၇ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၈ လုံးသိမ်းဆည်းရမိခဲ့။

အင်းတော်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နဘားရွာအရှေ့ဘက်သို့ အရောက် နေရာ ၂ နေရာမှ KIAနှင့် PDF ပူးပေါင်း ၇၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှုစုံစမ်းဆဲ၊ မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရ။

မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကသဲကျေးရွာ အောင်သစ်လွင်ရပ်ကွက်ရှိ အမက(အောင်သစ်လွင်) တွင် PDF အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းခဲ့ရာ စာသင်ကျောင်းအနီးသို့အရောက် PDF ၄၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့။

PDF အရှင်မိ ၁ ဦး၊ မိမိထိခိုက်မှုမရှိကြောင်းသိရှိရ။ #Crd