မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၅ နှစ်ပြည့် လက်မှတ်အရောင်းပွဲတော်ကျင်းပမည်

မြန်မာအမျိုးသားလေကြောင်းမှ (၇၅) နှစ်မြောက် စိန်ရတုနှစ် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သည့် Myanmar National Airlines Diamond Jubilee Travel Fair တွင် ပြည်တွင်း၊ ပြည်ပလေယာဉ်လက်မှတ်များ ကို ၁၀% လျော့ဈေး ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ Novotel Yangon Max တွင် မနက် (၉) နာရီ မှ ညနေ (၃)နာရီ အထိရောင်းချပေးသွားမည်ဟုသိရသည်။

ထိုအပြင် (ဗလာမပါ) Lucky Draw အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ Travel Fair နေရာတွင် လေယာဉ်လက်မှတ်များကို Authorized Agent များဖြစ်သော Maing Fong Travels၊ Sun Far Travel & Tour၊ Nice Fare Travel & Tour၊ Columbus Travel & Tour၊ Seven Diamond Travel & Tours၊ TRAVEL4U၊ Tori Travel၊ Oway Travel & Tour နှင့် Lucky Treasure Travel & Tour တိုမှ ပါဝင်ရောင်းချပေးသွားမည်ဟုသိရသည်။

Travel Fair နေရာ၌လေယာဉ်လက်မှတ်လာရောက်ဝယ်ယူသူများအနေဖြင့် ပြည်တွင်းခရီးစဉ်လက်မှတ်တန်ဖိုး (၁,၀၀၀,၀၀၀ ကျပ်) သိုမဟုတ် ပြည်ပခရီးစဉ်လက်မှတ်တန်ဖိုး (၁,၅၀၀,၀၀၀ ကျပ်) အထက်ကျော်လွန်ပါက MNA လက်ဆောင်ကောင်တာတွင်ပြုလုပ်မည့် (ဗလာမပါ)ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ပြီး Aircraft Model များနှင့် အခြား MNA Exclusive လက်ဆောင်ပစ္စည်းများကို ကံစမ်းနိုင်မည်ဟုသတင်းရရှိသည်။