ပျော်လိုက်တာလကုန်ရက်အိမ်လစာပေးနိုင်ပြီ

မနက် ချင်းပြည်နယ်မှ ရန်ကုန်ပြန်ရောက် ကားတိုးချိန် အဖိုး တယောက် ရေခဲပုံးလေး လွယ်ထားတော့

အဖိုးရေလာပါအုံး ဗျ ဘာတွေရောင်းတုန်း ဗျ ??

ရေခဲချောင်းတွေပါ သားရေ. (ပုံးဖွင့်ပြ ရှာတယ် 😢)

ဟာ အများကြီးပါလား အဖိုး??

ဟုတ်တယ် သားခုမှ ရောင်းဖို ထွက်လာတာအချေင်း (၁၀၀)ပါတာ (၂)ချောင်းပဲ ရောင်းရသေးတယ်

တချောင်း ဘယ်လောက်တုန်း အဖိုး??

တချောင်း (၁၅၀)ကျပ်ပါ သား

ဟာ ဒါဆို အကုန်ယူမယ် အဖိုး??

တကယ်လား သား အဖိုး အိမ်အစောကြီးပြန်ရပြီပေါ့ ကွာ 😍

ဒါပေါ့ အဖိုး အချောင်း (၁၀၀)ဆို (၁)သောင်းခွဲပေါ့နော် ???

(၂)ချောင်းရောင်းထားတော့ (၁၀၀)မပြည့်ဘူး သား

ရော့ အဖိုး (100,000) Ks 🙏🙏🙏

ဟာ သား ပေးတာ ပိုက်ဆံတွေ အများကြီးပဲ အဖိုးကို ပေးတာလား??

ဟုတ် အဖိုး အဖိုး လိုရာသုံးဖိုပါ 🙏

ပျော်လိုက်တာ အဖိုး လကုန်ရက်ရောက်နေတော့ အိမ်လစာ အတွက် စိတ်ပူနေတာ ခုအိမ်အပြန် တခါတည်း ပေးနိုင်ပြီ 😢

ဟုတ် အဖိုး(၁)လ ဘယ်လောက်ပေးရတုန်း??

(၁)လ (၄)သောင်းခွဲပါ သားရေ

ဟုတ် အဖိုး ဂရုစိုက်ပြီ အိမ်ပြန်ပါနော် 🙏

တကယ် ကျေးဇူးတင်ပါတယ် သားရယ် အဖိုး တကယ် ပျော်လိုက်တာ 😢

(အဖိုးကို တိုင်းရင်းသား ကျေးရွာနားက လယ်ယာလမ်းမတွေနားမှာ တွေ့လိုက်တာပါ 🙏🙏🙏)

အော အဖိုး ရင်ထဲက ပျော်သွားတာလေး မြင်လိုက်ရတာ ခရီးပမ်းလာတာတောင် မေ့ပြီ ကိုယ်ပါ ပျော်သွားရတယ် 😍🙏😍

လူနာတင်ယာဉ် (Ambulance) အကူညီလိုအပ်ပါက..

ကိုပူတူးနှင့်ဘော်ဒါများ…..