အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ မြန်မာ – တရုတ် ပူးပေါင်းဆောင်ရွက်

မြန်မာ – တရုတ် နှစ်နိုင်ငံအကြားအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

 စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာ နိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။