စစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် မြန်မာနိုင်ငံက အကြမ်းဖက်ဝရမ်းပြေးတွေအတွက် ထိုင်းနိုင်ငံအတွင်းမှာ နယ်မြေကျဥ်းလာပြီ”

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးမှုတွေ ခတ်စိတ်စိတ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့ တရားဝင် အထောက်အထားတွေကို အဓိကထားစစ်ဆေးနေတာဖြစ်ပြီး အထောက်အထားမပြနိုင်သူတွေနဲ့ ယင်းအထောက်အထားစာရွက်စာတမ်းမှာ အချက်အလက်မပြည့်စုံသူ၊ မမှန်ကန်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာတာနဲ့အမျှ ထိုင်းနိုင်ငံထဲကိုခိုးဝင်နေကြတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အားပေးတွေအတွက် နေစရာ်မြေ ကျဥ်းမြောင်းလာနေတယ်လို့လည်း သိရပါတယ်။