တောင်တွင်းကြီးမြို့ရှိ တံတားပေါ်မှ အမျိုးသမီးတစ်ဦး ရေထဲပြုတ်ကျသေဆုံး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၊ ရှောက်ပင်ကွက်သစ်၊ ရတနာပွင့်လှကန်တော်ကြီးတံတားပေါ်မှ အမျိုးသမီးတစ်ဦး ဇန်နဝါရီ ၅ ရက်၊ ညနေ ၆ နာရီအချိန်က ရေထဲပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ အမျိုးသမီးမှာ တောင်တွင်းကြီးမြို၊ ရွှေအိုး (၁)ရပ်ကွက်တွင် နေထိုင်ပြီး အသက် (၃၀) နှစ်ကျော်ရှိပြီဖြစ်ပြီး၊ အခင်းဖြစ်နေရာကို မြိုနယ်ရဲတပ်ဖွဲဝင်များ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ည (၇) နာရီ (၁၀) မိနစ်အချိန်မှာ ရေထဲပြုတ်ကျသွားသည့် အမျိုးသမီးအလောင်းအား ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီး၏ အလောင်းကို စိတ္တသုခ လူမှုကူညီရေးအသင်းမှ ရင်ခွဲရုံသို ပိုဆောင်ကူညီခဲ့ကြောင်း သိရသည်။