ဧပြီလ ၅ ရက်နေ့ မှုခင်းသတင်းများ

-ဧပြီလ ၄ ရက် ၁၄၀၀ နာရီတွင် ကော့သောင်းမြို့နယ်၊ အောင်မြန်မာကျေးရွာတွင်နေထိုင်သော ဦးဒီပါ(၄၆)နှစ်သည် ၎င်း၏ ဥယျာဉ်ခြံမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဥယျာဉ်ခြံအနီး၌ အကြမ်းဖက်သူများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၄ ရက် ၁၁ဝဝ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီး၊ ဆည်တော်ကြီးမြောင်းနေရာ၌ အလောင်း  ၁ လောင်း တွေ့ရှိခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နေရာ၌ (စိစစ်ဆဲ) ကျား ၁ ဦးတွင် လည်ပင်း၊ ဦးခေါင်း၊ နဖူးထိပ် ပြတ်ရှ၊ ဝဲ/ယာနံကြား ထိုးသွင်းများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့။