မိဘပြည်သူများရှင်

ယခုဧပြီလအတွင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အင်အားအ သင့်အတင့်ရှိသည့် အယ်နီညိုဖြစ်စဉ် ဖြစ်ပွားမှု အကျိုးသက်ရောက်နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သတိပေးခဲ့ပြီး ဖြစ်ပါသည်။

အယ်နီညိုရာသီဥတုသည် ပူပြင်းခြောက်သွေ့ခြင်း၊ နေ့အပူအပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မိုးသီးမုန်တိုင်းများ ကျရောက်ခြင်းစသည့် ရာ သီဥတုဖောက်ပြန်မှုများကို ဖြစ်စေနိုင်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးထားပြီး ဖြစ်ပါသည်။

ယခု ဧပြီလပတ်အတွင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပေးနေသည့် နိုင်ငံတစ်ဝန်း၏ နေ့အပူချိန် အခြေပြဇယားများတွင် နေရာအနှံအပြား နေ့အပူချိန်များ တိုးမြင့်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။