🛳️ တစ္ဆေသင်္ဘော S.S Ourang Medan 🛳️

ကမ္ဘာပေါ်တွင် ထူးခြားတဲ့ဖြစ်စဉ်တွေများစွာဟာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအဖြစ်အပျက်များဟာ ကုန်းတွင်းပိုင်းတွေမှာသာမကပဲ
ပင်လယ်သမုဒ္ဒရာတွေမှာပါ ဖြစ်ပျက်လျက်ရှိပါတယ်။ သမုဒ္ဒရာကြီးဟာ ကုန်းတွင်းပိုင်းထက် ပိုမာယာများသလို အန္တရာယ်တွေနဲ့လည်း ပြည့်နှက်
နေတဲ့ နေရာတခုဖြစ်ပါတယ်။ အဖြေရှာလို့မရနိုင်တဲ့ အဖြစ်အပျက်တွေများစွာလည်း သမုဒ္ဒရာကြီးအတွင်းမှာ ဖြစ်ပျက်လျက်ရှိပါတယ်။

ဒီတခါမှာတော့ သမိုင်းထဲက အဖြေရှာရခက်နေဆဲ နာမည်ကျော် တစ္ဆေ သင်္ဘောS.S Ourang Medanတွေအကြောင်းကို ပြောချင်လွန်းလို့
ရဲ့ ပရိသတ်များအတွက် ဖော်ပြပေးလိုက်ရပါတယ်။

S.S Ourang Medan ဟာ နယ်သာလန်နိုင်ငံမှ သမုဒ္ဒရာဖြတ်ကူး သင်္ဘောတစ်စင်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလမှာ အင်ဒိုနီးရှား
ကမ်းရိုးတန်းအနီးအနားမှာ တည်ရှိနေခဲ့ပြီး ကမ်းနဲ့ နီးတဲ့ ကယ်ဆယ်ရေးစခန်းကို ဆက်သွယ်ပြီး အကူအညီတောင်းဆိုခဲ့ပါတယ်။ အကူအညီ
တောင်းလာတဲ့ ကြေးနန်းစာထဲမှာ သင်္ဘောမှာပါလာတဲ့ ကပ္ပတိန်နဲ့ အရာရှိအဖွဲ့တွေအကုန်လုံးဟာ သေဆုံးနေပြီဖြစ်ကြောင်းနဲ့ သင်္ဘောသား
များလည်း မကြာခင်သေဆုံးတော့မှာ ဖြစ်တဲ့ကြောင်း ရေးသားလာခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ်ရေးသားလာတဲ့ စာသားတွေဟာ အဓိပ္ပာယ်ဖော်လို့မရနိုင်တဲ့ စကားလုံးတွေ ဖြစ်နေခဲ့ပါတယ်။ စာရဲ့နောက်ဆုံး အပိုဒ်မှာတော့
ငါလည်းသေပြီ ဆိုတဲ့စာသားရေးသားထားခဲ့ပါတယ်။ ဒီစာကိုလက်ခံရရှိတဲ့ကယ်ဆယ်ရေးစခန်းမှ လူများဟာ ထိတ်လန့်စွာ ဖတ်ရှုခဲ့ကြရပြီး စာထဲမှာ
တော့ ဘယ်အရာကြောင့် သေဆုံးတယ်ဆိုတာ မရေးသားထားခဲ့ပါဘူး။

ကယ်ဆယ်ရေးအဖွဲ့ဟာ သင်္ဘောရှိရာသို့ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ထွက်ခွာလာခဲ့ကြပါတယ်။ သင်္ဘောနဲ့အနီးဆုံး နေရာကို ရောက်ရှိတဲ့အခါ သင်္ဘောကို အချက်ပြ ဆက်သွယ်လာခဲ့ပေမယ့် တုံ့ပြန်ခဲ့ခြင်းတော့မရှိပါဘူး။ ကယ်ဆယ်ရေးသင်္ဘောကြီး Silver Star မှ
အကြိမ်များစွာ အချက်ပြဆက်သွယ်ပေမယ့် တုံ့ပြန်တာမရှိတဲ့အတွက်သင်္ဘောအပေါ် တက်ကြဖို့အတွက် Silver Star မှအရာရှိများမှ ဆုံးဖြတ်ခဲ့
ကြပါတယ်။ ဒီလို S.S Ourang Medanသင်္ဘောပေါ် တက်ကြည်ကြတဲ့အခါ လွန်စွာသွေးပျက်ခြောက်ခြားဖွယ် မြင်ကွင်းကြီးကို တွေ့မြင်ခဲ့ကြ
ရပါတယ်။

အကူညီတောင်းတဲ့ ကြေးနန်းမှာ ရေးထားတဲ့အတိုင်းပင် သင်္ဘောအရာရှိတွေဟာ အသက်ပျောက်နေကြပြီဖြစ်သလို အခြားသော သင်္ဘောသားများလည်း သေဆုံးနေကြပြီဖြစ်ပါတယ်။ သူတို့ဟာနေထွက်ရာဖက်ကိုမျက်နှာမူပြီး ထိတ်လန့်စရာတစုံတခုကို တွေ့မြင်ခဲ့ရတဲ့ ပုံစံဖြင့်သေဆုံးနေခဲ့ကြတာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာပါလာတဲ့ သင်္ဘောသားတွေသာမကပဲ ခွေးများလည်းမျက်လုံးတွေပြူးပြီး သေဆုံးနေတာကိုလည်း ကယ်ဆယ်ရေးသင်္ဘောသား
များ တွေ့ခဲ့ကြရပါတယ်။ Silver Star မှကယ်ဆယ်ရေး သင်္ဘောသားများဟာ S.S Ourang Medan သင်္ဘောမှ အခန်းတိုင်းကို လှည့်ပတ်ရှာပြီး
အသက်ရှင်ကျန်မယ့်လူကို ကယ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်။

ထူးခြားမှုအနေနဲ့ စက်ခန်းထဲကို ဝင်ရှာတဲ့အခါ စက်ခန်းထဲကိုရောက်တာနဲ့ကြက်သီးများထပြီး လွန်စွာအေးစက်မှုကို ခံစားကြရကာ အားလုံး စိုးရိမ်
ထိတ်လန့်ကုန်ကြပါတယ်။ ကယ်ဆယ်ရေး အရာရှိများဟာ သင်္ဘောကို ကမ်းကိုဆွဲဖို့ကြိုးစားကြပါတယ်။ ဒီလိုကြိုးစားချိန်မှာ S.S Ourang
သင်္ဘောကြီးဟာ မီးခိုးများထွက်လာခဲ့ပြီး မီးလောင်ပေါက်ကွဲကာ ရေအောက်ကို နှစ်မြှပ်သွားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်မှ သင်္ဘောသားများသေဆုံးမှုကို အဖြေရှာမရပဲ ဘယ်လိုအကြောင်းအရာက သူတို့ကို သေဆုံးစေခဲ့တာလည်းဆိုတာ ပဟေဠိဖြစ်နေကြဆဲ ဖြစ်ပါတယ်။