ရာသက်ပန်လိုင်စင်ပိတ်သိမ်းလိုက်တဲ့ အေဂျင်စီကုမ္ပဏီ၂၅ခုစာရင်းထုတ်ပြန်


ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်တွေထဲမှ လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တဲ့ အေဂျင်စီ ၂၅ခုစာရင်းကို အလုပ်သမားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

အဆိုပါအလုပ်အကိုင်အေဂျင်စီတွေ ဟာ ၎င်းတို့အကျိုးဆောင်ကာ ပြည်ပကို တာဝန်ယူပို့ပေးရမယ့် အလုပ်သမားတွေထံက ကြိုတင်ငွေရယူတာ ၊ သတ်မှတ်ချိန်အတွင်း ပြည်ပကအလုပ်အကိုင်တွေကို ရှာဖွေကာ ပို့မပေးနိုင်တာတွေကြောင့် အလုပ်သမားတွေကတိုင်ကြားမှုကတစ်ဆင့် အရေးယူခံရတာနဲ့ မမှန်ကန်တဲ့အလုပ်အကိုင် အေဂျင်စီတွေဖြစ်ကြောင်းစစ်ဆေးတွေ့ရှိလို့ အေဂျင်စီအကျိုးဆောင်လိုင်စင်တွေ ပိတ်သိမ်းခံရတယ်လို့ဆိုပါတယ်။