ကြက်သွန်နီတွေ တစ်ပိသာ ၅၀၀၀ အထိဈေးတက်လို့ အခြေခံလူတန်းစားတွေ ကြက်သွန်နီမစားတော့

ဧရာဝတီတိုင်းမှာ မန္တလေးမြို့ဘက်ကနေ တင်သွင်းတဲ့ ကြက်သွန်နီတွေ တစ်ပိဿာကိုငွေကျပ် ၅၀၀၀ ဈေးတက်လာတဲ့အတွက် အခြေခံလူတန်းစား ဒေသခံတွေ ကြက်သွန်နီမစားနိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

”အရင်က တစ်ပိဿာ ၁၈၀၀ လောက်ရှိတဲ့ကြက်သွန်နီ က အခု တစ်ပိသာကို၅၀၀၀ ဆိုတော့ဘယ်လွယ်မလည်း၊ ဒါ့ကြာင့် မဖြစ်မနေစားမှရမယ့် ဆန်နဲ့ယှဉ်တော့ ဆန်ပဲဦးစားပေးလိုက်တော့တယ်၊ ကြက်သွန်နီကိုတော့ လော လောဆယ် မစားတော့ဘူး ၊ဈေးကျမှပဲစားတော့မယ် ၊ဈေးကလည်း ဒီတစ်သက်ကျမယ်မထင်ဘူး၊ မကျလည်းမစားတော့ဘူး ၊ တစ်ခါမှ ကြက်သွန်နီဈေး ဒီဒေသမှာဒီလောက်ဈေး မဖြစ်ခဲ့ဖူးဘူး၊ တစ်ပိသာကို ၄ ရက် လောက်စားလို့ရပေမယ့် ကြက်သွန်နီ တစ်မျိုးထဲစားလို့ မှမရတာကို။”လို့ဒေသခံ အိမ်ရှင်မတစ်ဦးကပြောပါတယ်။

အခုလို ကြက်သွန်နီဈေးတွေ ထိုးတက်လာတာဟာကြက်သွန်နီ စိုက်ပျိုးမှုအားကောင်းတဲ့ မန္တလေးဘက်မှာစိုက်သွန်နီ အထွက်လျော့ကျနေတာ၊ ကြက်သွန်နီ စိုက်ပျိုး ရေးစရိတ်ကုန်ကျမှုအရင်ထက်ထက်များလာတာ၊မန္တလေး မြို့ကနေ ဧရာဝတီတိုင်းဘက်ကို တင်သွင်းတဲ့သယ်ယူ တဲ့ လမ်းခရီးမှာ စစ်ဆေးမှုတွေ တင်းကျပ်နေလို့ အချိန် ကြန့်ကြာမှုတွေရှိတာ၊ ကုန်တင်ကားခတွေဈေးမြင့်တက် လာတာစတဲ့ အခြေအနေတွေကြောင့်ကြက်သွန်နီဈေး မြင့်တက်လာတာဖြစ်တယ်လို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

(မြန်မာ့ပလက်ဖောင်း)