ရုရှားနိုင်ငံ၊ သမ္မတရွေးကောက်ပွဲကို လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲကို လေ့လာရန်နှင့် မော်စကိုမြို့တွင်ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၁၂ ရက်၊ ညနေပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရုရှားသမ္မတရွေးကောက်ပွဲကို ယခု မတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းရွေးကောက် ပွဲတွင် လက်ရှိသမ္မတ ပူတင်သာ အနိုင်ရရှိမည်ဟု ရေပန်းစားနေသလို အနောက်နိုင်ငံများကတော့ ပူတင်အနိုင်ရရှိမည်ကို စိုးရိမ်ကြောက်ရွံနေကြသည်ဟု ရုရှားသတင်းများက ဖော်ပြခဲ့ကြပါတယ်။ #Crd