ဖိလစ်ပိုင်လက်ဝှေ့အကျော်မော် ပက်ကွီအိုနဲ့ မွေထိုင်းချန်ပီယံ Buakaw တို့ ကြိုးဝိုင်းထိုးသတ်မည်

လက်ဝှေ့ကြိုးဝိုင်း ဂန္တဝင်တိုက်ခိုက်ရေးသမား ပက်ကွီအိုနဲ့ မွေထိုင်းချန်ပီယံ Buakaw တို့ရဲ့ ထိုးသတ်ယှဉ်ပြိုင်မှုကို လာမယ့် နှစ် ဇန်နဝါရီလ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ် လို့ နာမည်ကြီးတိုက်ခိုက်ရေးသမားနှစ်ဦးကြားကအားပြိုင်မှုကို ကမ္ဘာက စောင့်ကြည့် အားပေးနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က ဘန်ကောက်ကို သတင်းစာရှင်းလင်းပွဲအတွက် ရောက်ရှိ ခဲ့တဲ့ ၆၂-၈-၂ နဲ့ စံချိန် ၁၂ ခုကို ထိုးသတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ပက်ကွီအို ဟာမွေထိုင်းချန်ပီယံတိုက်ခိုက်ရေးသမား Buakaw Banchamek နဲ့ ထိုးသတ်မှာဖြစ် ကြောင်းပွဲစီစဉ်သူ Fresh Air Festival co,ltd ကနေ ဇူလိုင်လ ၂၁ ရက်တုန်းက လုပ်ခဲ့ တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုပြောကြားခဲ့ပါတယ်။