အောင်သူနဲ့မောင်မောင်လွင်က တန်ကြေးအမြင့်ဆုံးအဖြစ် ပူးတွဲရပ်တည်နေ

ပြည်ပကလပ်အသင်းတွေမှာသွားရောက်ကစားနေတဲ့ မြန်မာကစားသမားတွေထဲမှာ ထိုင်းလိဂ်(၁)ကလပ်အသင်းဖြစ်တဲ့ လမ်ဖွန်ဝါရီယာအသင်းမှာကစားနေတဲ့ မြန်မာတိုက်စစ်အတွဲ အောင်သူနဲ့မောင်မောင်လွင်တို့က တန်ကြေးအမြင့်ဆုံးကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေပါတယ်။ Transfer Mrket.com ရဲ့တွက်ချက်ဖော်ပြမှုအရ အောင်သူနဲ့မောင်မောင်လွင်ရဲ့တန်ကြေးက ယူရို ၂သိန်းဖြစ်ပြီး မြန်မာငွေကျပ် သိန်း ၄,၅၀၀ ဝန်းကျင်ရှိနေကြောင်းသိရပါတယ်။