PDF အကြမ်းဖက်သမားများ သတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်‌ဆောင်သည်ရဲ့ နောက်ဆုံးခရီး

ဩဂုတ်လ ၁၀ ရက်နေ့ မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ PDF အကြမ်းဖက်သမားများရဲ့ ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင်မိခင်ကို သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးရဲ့နောက်ဆုံးခရီးကို မုံရွာမြို့မှ ပြည်သူအများက ကြေကွဲဝမ်းနည်းစွာဖြင့်လိုက်လံပို့ဆောင်ခဲ့ကြပြီး ယခုလို ပစ္စည်းယူ ဓားပြတိုက်ရုံသာမက အပြစ်မဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတဲ့အတွက် ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေကြကြောင်းသိရပါတယ်။

သေဆုံးသူ၏ ရင်သွေးငယ်ကို ခွဲထုတ်ကာ ကယ်ဆယ်ရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရရှိခဲ့သဖြင့် ၎င်းတို့နှစ်ဦးလုံး၏ ရုပ်အလောင်းများကို (ဩဂုတ်လ ၁၂ ရက်) မွန်းလွဲ ၁ နာရီ တွင် မုံရွာမြို့ရှိ မြိုမ သုဿာန်သို့ ပိုဆောင်ကာ ဂူသွင်းသဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။