မကွေး၊ နတ်မောက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၀၈၂၀ချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုနယ်၊ ပန်းညို ကျေးရွာနေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘိုသိန်း (ဘ)ဦးစံအောင်၊ ၅၁ နှစ်၊ တောင်သူသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဘိုသိန်း တွင် ယာလက်ပြင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တိုဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။