SSPP/SSA ရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းခံနေရတဲ့ သီပေါမြို့

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်တွင် SSPP/SSA လက်နက်ကိုင်များအနေဖြင့် ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး လူသစ်စုဆောင်းနေသဖြင့် မြို့နေပြည်သူလူထုများအနေဖြင့် အစိုးရထံကို တိုင်ကြားလာနေကြောင်း သိရှိရပါသည်။ TNLA ဝင်ရောက်လာပြီး ရှမ်းပြည်နယ်အများတွင် SSPP/SSA အား လူသစ်စုဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါကလည်း ပြင်းထန်စွာ တုန့်ပြန်သွားမယ်လို့လည်း ထုတ်ပြန်ထားခဲ့ပါသေးတယ်။ SSPP/SSA အနေဖြင့် လက်နက်ကိုင်အချင်းချင်းတော့ ကြောက်နေရပြီး လက်နက်မဲ့ပြည်သူလူထုကိုတော့ မဝင်မနေရခြိမ်းခြောက် အကြပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလို လူသစ်စုနေတဲ့ ရည်ရွယ်ချက်ကရော ဘာကြောင့်လဲ? TNLA ကို ပြန်နှင်ထုတ်ဖို့လား ပြည်သူတွေကို ဒုက္ခပေးဖို့လားဆိုတာတော့…သူတို့ပဲ သိကြမှာပဲ…