အလယ်ကျွန်းရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အလယ်ကျွန်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၁၂ ရက် စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အလယ်ကျွန်းကျေးရွာတွင် PDF များမှ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူလူထုများထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် PDF တွေရဲ့ယုတ်မာမှုများကိုဖုံးကွယ်ချင်တာနဲ့ဘဲ ပျူစောထီးကျေးရွာလို့ခေါင်းစဉ်တပ်ရုံသာမက ဂုဏ်ဖော်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးဒဏ်ရာရတယ်လို့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။