တပ်ကဒရုန်းနဲ့ အဆတ်မပြတ်တိုက်ခိုက်လာတယ်လို့ ကျားဖြူ PDF ဖွင့်ချ

တပ်ဘက်က ဒရုန်းများဖြင့် တန်ပြန်စစ်ဆင်ရေးလုပ်ဆောင်လာပြီး ယခုလအစပိုင်းကစ၍ ပိုများလာကာ နေ့တိုင်း ဒရုန်း ၂ စီးဖြင့် တနေ့ကုန်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ပွဲတော်က mizzima ကို ပြောထားပါတယ်။

” ဒီရက်ပိုင်းမှာ ဒရုန်းနဲ့လာချတာပိုများလာတယ်နော်။ အဲမှာ ၂ စီး၊ ၂ စီး ပုံမှန်တက်တယ် တနေကုန် ။ ဗုံးချတဲ့ အလုံးရေက နည်းနည်းများတာပေါ့နော်။ တစ်ခါတက်ရင် ၂ စီးဆိုတော့ တစ်ခါချရင် ဗုံး ၄ လုံးလေ ။ ၁ ရက်ကို ၄၊ ၅ ၊ ၆ ခါလောက်ကြဲတော့ နည်းနည်းများတာပေါ့နော် “ဟု ဗိုလ်ပွဲတော်က ဆိုထားပါတယ်။

တပ်၏ ဒရုန်းဗုံးများဖြင့်ကြဲချတိုက်ခိုက်မှုတွင် ပူးပေါင်းစစ်ကြောင်းဘက်ကရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိနေသည်ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည် ဒေသခံအမျိုးသမီးက ဒဏ်ရာရရဲဘော်များ၏ ပုံများပေးပို့၍ ပြောဆိုလာခဲ့တယ်လို့လည်း ဆိုထားပါသေးတယ်။