ပြည်ဖျက်တွေလုပ်တဲ့ သတင်းတု/ သတင်းမှား

နိုင်ငံခြားကို ထွက်ပြေးနေကြတဲ့ ပြည်ဖျက်တွေက မြန်မာပြည်တွင်းမှာနေတဲ့ ပြည်သူတွေကို တစ်စက်လေးမှ မေတ္တာ မထားကြဘူး။ သူတို့သာ နိုင်ငံခြားမှာ ပျော်ချင်ပျော်မယ် .. မြန်မာပြည်သားတွေ မပျော်စေရဘူး။ ဒါကြောင့်လည်း နည်းမျိုးစုံနဲ့ ပြည်သူတွေထိတ်လန့်အောင်၊ ဆူပူအုံကြွအောင် လုပ်နေကြတယ်။

မနေ့က ကောလာဟလ သတင်းတစ်ခုတက်လာတယ်။ ဘာတဲ့ .. “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တန်ပြန်အာဏာသိမ်း ပြီ .. စစ်သားတွေက တင့်ကားတွေနဲ့ ဆန္ဒပြကြပြီ ..” (စသဖြင့်) သတင်းတွေ တက်လာတယ်။ (ဒါက စစ်သားတွေ ဆူပူလာအောင် လှုံ့ဆော်တာ)

အမှန်က နေပြည်တော်မှာ အေးဆေးပဲ။ ဘာဆန္ဒပြပွဲမှလည်း မလုပ်ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာ။ ဒီလိုသတင်းတွေကို ပေါကားတွေအကြည့်များတဲ့ မြန်မာအချို့ကလည်း ယုံတယ်။

အဲဒီကောလာဟလ သတင်း ဖြစ်ပေါ်လာတဲ့ လားရာကို ကြည့်လိုက်တော့ –

(ပုံ-၁) Myanmar Now ကစပြီး MNDAA ဘုရားဖျက်လို့ သံဃာတော်၊ ပြည်သူတွေ အနယ်နယ်အရပ်ရပ်မှာ ရှုတ်ချပွဲလုပ်တဲ့ ပုံတွေနဲ့ သတင်းကိုဗြောင်လိမ်ပြီး နှပ်ကြောင်းပေးတယ်။ သာမန်လူတစ်ယောက်က ပုံထဲက ဗီနိုင်းထဲက စာနဲ့ Myanmar Now တင်ထားတဲ့ဟာ အမှားကြီးမှန်းသိတယ်။ သတင်းအမှားမှန်း သိချင်သိပါလေ့စေ Myanmar Now ရဲ့ သိက္ခာကျချင် ကျပါလေ့စေ။ (နဂိုထဲကလည်း သိက္ခာတစ်စက်မှ မရှိပါ) သူလိုချင်တဲ့ နှပ်ကြောင်းပေးသွားတယ်။

ဥပမာ – သင်္ကြန်မတိုင်ခင်က မဏ္ဏပ်ပုံတွေပြပြီး (ဒီမဏ္ဏပ်ကို မိုင်းမခွဲကြပါနဲ့နော်။) (မသွားကြပါနဲ့နော်) စသဖြင့် နှပ်ကြောင်းတွေပေးပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ကို ဆွပေးသလိုမျိုးပေါ့။

(ပုံ-၂) Myanmar Now ကတင်တဲ့ post ကို ပန်ဆယ်လိုက မဟုတ်မှန်းသိပေမယ့် ထပ်တင်တယ်။ “ဆန္ဒပြနေလို့ မရဘူး .. လက်နက်ကိုင်ပြီး ချ” လို့ရေးထားတဲ့ သူရဲ့ ရည်ရွယ်ချက်က အမျိုးသားရေးသမားတွေ၊ စစ်သားတွေ ဆူပူမှုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်လိုက်တာပါပဲ။ သူ့သိက္ခာကို ရင်းပြီး Target ကို ပစ်တာ။ (သူ့သိက္ခာဆိုလို အရမ်းကြီးအထင်မကြီးနဲ့ဦး .. သိက္ခာတပြားမှ မရှိ။ ကမ္ဘာ့ အယုတ်ညံ့ဆုံး မိန်းမ။)

အဲဒီ နှပ်ကြောင်းပေး၊ သွေးထွေးလှုံ့ဆော်မှုတွေပြီးတော့ “ကောလာဟလ”အဆင့်ကို တက်သွားပြီး Social Media အမျိုးမျိုးကနေ ရေးလာကြတော့တာပဲ။

မျိုးချစ်အပေါင်းတို့လည်း ဒီလိုလူမျိုးတွေ၊ သူတို့ရဲ့သတင်းတွေကို ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်နိုင်အောင်လို့ ရေးသားဖော်ပြလိုက်ပါတယ်။

KT