ပုဂံ အာနန္ဒာဘုရားအနီးတွင် Light Truck ကားတစ်စီးမှ လက်နက်/ခဲယမ်းများဖမ်းဆီးရမိ

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊တောင်ဘီကျေးရွာရှိ အာနန္ဒာဘုရားအနီးတွင် ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က အောင်ဖြိုးလွင်(၂၇) နှစ်နှင့်ကျော်ဇင်ဟိန်း(၃၈)နှစ်တိုမောင်းနှင်လိုက်ပါလာသည့် Light Truck ကားအား လုံခြုံရေးအဖွဲဝင်များက ညောင်ဦးမြိုနယ်၊တောင်ဘီကျေးရွာ၊ညောင်ဦး- ပုဂံ-ချောက်သွားကားလမ်း၏ အာနန္ဒာဘုရားအနီးတွင် သတင်းအရ ပိတ်ဆိုတားဆီး ၍စစ်ဆေးခဲ့ကြသည်။

ကားနောက်ခန်း ကြမ်းခင်းအတွင်းဝှက်၍သယ်လာသည့် MA16 သေနတ် ၁ လက်၊ကျည်အိမ် ၁၁ ခု၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ၆၀ မမခွင်းဗုံး ဗုံးသီး ၁၇လုံး၊ MA7 ဗုံးသီးပစ်လက်လုပ်စိန် ပြောင်း ၂လက်(နောက်ပိတ်မပါ)၊ ဒေါက် ၁ ခုပြောင်းလည်စီးကွင်း ၁ ခု၊ ၁၂ ဗိုကျည် ၇၀၀ တောင့်၊ THAI ARMS 9mm ကျည် ၁၀၅၀ တောင့် Rai 11 Auto 45 ကျည် ၅၀၀ တောင့်၊ 9mm Luger ကျည် ၂၅၀ တောင့်၊ 5.56 mm ကျည် ၃၁၈၀ တောင့်တိုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“သတင်းရလိုကြိုပြီးစောင့်နေခဲ့တယ် နောက်ယောင်ခံလိုက်ပြီးအာနန္ဒာဘုရားနားအရောက်မှာ ပိတ်ဆိုပြီးဖမ်းဆီးခဲ့ပါတယ် ကားကြမ်းခင်းကိုခွာပြီးစစ်လိုက်တော့ လက်နက်/ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တာပါ”ဟု လုံခြုံရေးအဖွဲနှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။