စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် နေအိမ် ၈၀ လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရပြီး ဆင်ခြေတုံတရားမဲ့စွာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။