လွိုင်လင်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်း ဖမ်းဆီးရမိ

ဩဂုတ်လ ၂၆ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် နောင်မင်းအေး မောင်းနှင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့ လိုက်ပါလာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို ရပ် တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၉ နာရီခွဲအချိန်တွင် တပ်ကုန်းမြိုနယ်၊ ကြိုကုန်းကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူသန်းနိုင်နှင့် ဇနီး မမြမြသီတို့အား TOYOTA KLUGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။