ဆက်တိုက်ဖမ်းမိလာတဲ့ MNDAA တို့၏ မူးယစ်ဆေးဝါးများ

၂၀၂၄ ခုနှစ် ဇန် ၂၃ ရက် နေ့ ၁၆၃၀ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များသည် သတင်းအရ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေ၊ အိမ်အမှတ် (၈၁) နေ စိုင်းဆွေဆိုင်း(ဘ) ဦးဆု အသက် ၅၁ နှစ်၊ ရှမ်း/ဗုဒ္ဓ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ အဝတ်ဘီဒိုအောက်ဆုံးထပ်အတွင်းနှင့် PRADO အမျိုးအစား (လိုင်စင်မဲ့)ယာဉ် ခဲရောင်အတွင်းမှ –
(၁) WY စိတ်ကြွဆေးပြား သိန်း ၂၀ ပြား၊ ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း (၈၀၀၀) ခန့်
(၂) အိုက်စ် ၂၃ ကီလို ၊ ကာလတန်ဖိုး ကျပ် သိန်း (၁၈၄၀) ခန့်
(၃) ဘိန်း ၇၅ ကီလိုခန့်၊ စုစုပေါင်း ကျပ်သိန်း (၁၀၃၆၅) ခန့် တို့အား ရှာဖွေသိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကြောချက်များအရ အဆိုပါမူးယစ်ဆေးဝါးများသည် “ဝ”နယ်မြေထဲမှ ဝယ်ယူလာပြီး NDAA (မိုင်းလား) အဖွဲ့မှတစ်ဆင့် သယ်ဆောင်လာသည့် MNDAA (ကိုးကန့်)အဖွဲ့ပိုင် မူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြန့်ဖြူးရောင်းချမည့် ဆေးဝါးများဖြစ်ကြောင်း သိရှိရသည်။

စိုင်းဆွေဆိုင်းမှာ အခကြေးငွေ ထိုင်းဘတ်ငွေ (၁၇၂၀၀၀)ရယူ၍ အိမ်တွင် သိမ်းဆည်းပေးထားစဉ် ယခုလို အဖမ်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကွင်းဆက်တရားခံများအား ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

KT