ဇန်နဝါရီလ ၁၃ ရက်နေ့တိုက်ပွဲသတင်းများ

-ကယားပြည်နယ် ဖယ်ခုံမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ခမရ(၃၆၆) အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့အရောက် KNDF နှင့် PDF ပူးပေါင်း ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူထံမှ အေကေကျည်အိမ် ၁ ခု၊ ကျည် ၂၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

-ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အောင်မြေသာရွာတွင် သောင်းကျန်းသူများ ရောက်နေကြောင်းသတင်းအရ သွားရောက်ရှင်းလင်းစည် ၎င်းကျေးရွာအနီးသို့အရောက် TNLA နှင့် PDF ပူးပေါင်းအင်အား ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်းရမိခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၄ နေရာမှ KIA သောင်းကျန်းသူ ၂၀၀ ဦးခန့်က ၈၂ မမ ၂၂၀ လုံး၊ ၄၀ မမ၊ RPG ၊ စနိုက်ပါ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ ရွှေဂူတောင်ဝန်းကျင်တစ်ဝိုက် အကြမ်းဖက်သမားများ အခြေပြုနေကြောင်းသတင်းအရ သွားရောက်ရှင်းလင်းစဉ် ရွှေဂူတောင်အနီးသို့အရောက် နေရာ ၂ နေရာမှ KIAနှင့် PDF ပူးပေါင်း ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း လက်ပစ်ဗုံး ၅ လုံး၊ အမ်(၂၂)ကျည် ၁၅၀ တောင့်၊ ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံး သိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတစ်ဝိုက်နယ်မြေရှင်းလင်းစဉ် ပေါက္ကားကျေးရွာမြောက်ဘက်သို့အရောက် PDF ၇၀ ဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF များထံမှ လက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်စိန်ပြောင်း ၁၃ လက်၊ မိုင်းမျိုးစုံ ၂၃၀ လုံး၊ တဲ ၉ လုံး၊ ဝရိန်ပုံး ၃ လုံး၊ ချိန်းဆော ၁ လက်၊ မီးစက် ၁ လုံး၊ ဆောင်းဘောက် ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ယာဉ် ၂ စီး သိမ်းဆည်းရမိခဲ့။

-ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တာဝါတိုင်ကုန်းသို့ နေရာ ၄ နေရာမှ AA သောင်းကျန်းသူ ၂၀၀ ဦးခန့်က ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျိန်းတောင်သို့ AA သောင်းကျန်းသူ ၉၀ ဦးခန့်ကလည်းကောင်း၊ တာဝါတိုင်ကုန်း သို့ AA သောင်းကျန်းသူ ၆၀ ဦးခန့်ကလည်းကောင်း၊ ခမရ(၅၄၁) သို့ AA သောင်းကျန်းသူ(စိစစ်ဆဲ) ကလည်းကောင်း၊ ရပ်တော်မူကုန်းနှင့် ဂြိုလ်ပြေနံပြေဘုရားကုန်းများသို့ AA သောင်းကျန်းသူ ၂၀၀ ဦးခန့်ကလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့။

-ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တံတားထိပ်နေရာ၊ ဆိပ်ကမ်းနေရာများသို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က လည်ရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတစ်ဝိုက်နယ်မြေရှင်းလင်းစဉ် စခန်း၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက်တွင် အကြမ်းဖက်အလောင်း ၁ လောင်း၊ အမ်(၄) ၁ လက်၊ ဘီအေ(၆၃) ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၃၁ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ပြောက်ကျားကျောပိုးအိတ် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့။