လူသစ်မပေးပါက ရွာကိုဖျက်ဆီးပစ်မည်ဟု ULA/AA နယ်မြေမှူးက ခြိမ်းခြောက်

မောင်တောမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာသို့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက ULA/AA နယ်မြေမှူး ထွန်းလင်းနှင့်အဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့အမာခံ မောင်စိန်သန်း၏နေအိမ်၌ ရပ်မိရပ်ဖများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ၎င်းတို့အဖွဲ့အတွင်း သေဆုံးသွားသူများနေရာ၌ အစားထိုးနိုင်ရန် လူလိုအပ်နေသဖြင့် ရွာသားအယောက် ၂၀ မဖြစ်မနေ AA ထဲသို့ ထည့်ပေးရမည်ဖြစ်ကြောင်းနှင့် မပေးပါက ဖမ်းဆီးအရေးယူမည့်အပြင် ရွာကိုပါ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ပြောကြားကာ ပြန်သွားသည်ဟု ရွာသားများက ပြောကြားခဲ့သည်။

AA အဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း သေဆုံး/ဒဏ်ရာရရှိသူများပြားလာသည့်အတွက် လူသစ်ရရှိရေး အသက်မပြည့်သေးသူများကို အတင်းအဓမ္မစုဆောင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး အဆိုပါ ရန်အောင်ပြင်ရွာသားများအနေဖြင့်လည်း AA အဖွဲ့အတွင်းသို့ ဝင်ရောက်လိုစိတ်မရှိသဖြင့် ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ မိသားစုအလိုက် ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။

MayYuHtarNay