ကလေးမြို့တွင် အကြမ်းဖက် PDF ၂ ဦး ဖမ်းမိ

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဉ် မိုးလှိုင်(ခ)ဖိုးပြား မင်းကင်းမြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်နှင့် နေလင်းအောင်(ခ)နေအောင် မောင်းနှင်လာသောသုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် PDF အကြမ်းဖက်သမားတစ်ဦးဖြစ်ကြောင်းနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များအား ကူညီထောက်ပံ့နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။